ပရောဂျက်အမည်: Alumni Information System

လုပ်ငန်းအပ်နှံသူ: သတင်းအချက်အလက်နှင့်နည်းပညာ သုတေသနဌာန

လုပ်ငန်းအကျဉ်းချုပ်:

ဤပရောဂျက်တွင် ကျောင်းသားဟောင်းများ၏ သတင်းအချက်အလက်များကို စီမံခန့်ခွဲသည့် စနစ်တစ်ခုကို သတင်းအချက်အလက်နှင့်နည်းပညာ သုတေသနဌာနအတွက် အကောင်အထည်ဖော် တည်ဆောက်ပေးခဲ့ပါသည်။ ကျောင်းသားဟောင်းများ၏ အလုပ်အကိုင်အခြေအနေများကို စဉ်ဆက်မပြတ်လေ့လာကြည့်ရှုရန်အတွက် အဓိက ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သင်တန်းကျောင်းအနေဖြင့် ကျောင်းသားများ၏ ကိုယ်ရေးအချက်အလက်များထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်သကဲ့သို့ ကျောင်းသားအချက်အလက်များနှင့်သက်ဆိုင်သော အစီရင်ခံချက်များကိုလည်း ဇယားများ၊ ဂရပ်များဖြင့် မိမိတို့အလိုရှိသလို ထုတ်ယူကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
ကျောင်းသားဟောင်းများအနေဖြင့်လည်း မိမိတို့၏ကိုယ်ပိုင်အကောင့်များဖြင့် ဝင်ရောက်၍ လက်ရှိအလုပ်အကိုင်အခြေအနေများကို ထည့်သွင်းခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

အက်ဒမင်အတွက် လုပ်ဆောင်ချက်များ 

  • ကျောင်းသားစာရင်းများ စီမံခန့်ခွဲခြင်း (အသစ်ထည့်သွင်းခြင်း၊ ကြည့်ရှုခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း)
  • သင်တန်း၊ ဘာသာရပ်၊ သင်တန်းအမှတ်စဉ်များ စီမံခန့်ခွဲခြင်း (အသစ်ထည့်သွင်းခြင်း၊ ကြည့်ရှုခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း)
  • အစီရင်ခံချက်များထုတ်ယူခြင်း (ဇယား, ဂရပ်, Excel ဖြင့်ရယူခြင်း)
  • ကျောင်းသားများထံ အီးမေးလ်ပေးပို့ခြင်း (တစ်ယောက်ခြင်း, အများ)
  • အက်ဒမင်အသုံးပြုသူများ စီမံခန့်ခွဲခြင်း (အသစ်ထည့်သွင်းခြင်း၊ ကြည့်ရှုခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း)

ကျောင်းသားဟောင်းများအတွက် လုပ်ဆောင်ချက်များ 

  • မိမိတို့၏ ကိုယ်ပိုင်အကောင့်ဖြင့်ဝင်ရောက်၍ ပရိုဖိုင်အားကြည့်ရှုနိုင်ခြင်း
  • ပရိုဖိုင်ရှိ အချက်အလက်များကို ပြင်ဆင်မှုများ ပြုလုပ်နိုင်ခြင်း
error: