ပရောဂျက်အမည်: e-Commerce System
လုပ်ငန်းအပ်နှံသူ: မိုးမခရတနာရွှေဆိုင်
လုပ်ငန်းအကျဉ်းချုပ်:
ဤပရောဂျက်တွင် ရတနာပစ္စည်းမျိုးစုံကို အွန်လိုင်းတွင် အဆင်ပြေလွယ်ကူစွာ ရောင်းချနိုင်သည့်စနစ်တစ်ခုကို မိုးမခ ရတနာရွှေဆိုင်အတွက် အကောင်အထည်ဖော်တည်ဆောက်ပေးခဲ့ပါသည်။ ဤစနစ်တွင် system ကို ထိန်းချုပ်နိုင်သည့် admin user နှင့် ပစ္စည်းဝယ်ယူမည့် buyer user စသဖြင့် user အမျိုးအစား ၂ မျိုး အဓိက ပါဝင်ပါသည်။
e-Commerce စနစ်၏ အဓိကလုပ်ဆောင်ချက်များ
- ကုန်ပစ္စည်းများကို အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်ခြင်း
- ပစ္စည်းဝယ်ယူခြင်းကို လွယ်ကူစွာပြုလုပ်နိုင်ခြင်း
- ကုန်ပစ္စည်းပို့ဆောင်ရမည့်လိပ်စာများကို လွယ်ကူစွာ သိမ်းဆည်းထားနိုင်ခြင်း
- ပရိုမိုးရှင်းအတွက် ကူပွန်ကုဒ်များ ပြုလုပ်နိုင်ခြင်း
- စျေးဝယ်ခြင်းတောင်းအတွင်းရှိ ကုန်ပစ္စည်းများကို အချိန်နှင့် တပြေးညီဖော်ပြပေးထားခြင်း
- ဝယ်ယူသူအတွက် သက်ဆိုင်သည့် ကုန်ပစ္စည်းများကို အလိုအလျောက် ပြသပေးထားခြင်း
- ဝယ်ယူသူများကို အော်ဒါအခြေအနေများအား အချိန်နှင့်တပြေးညီ အကြောင်းကြားပေးခြင်း
- ဝယ်ယူသူများမှ မိမိတို့ဝယ်ယူခဲ့ပြီးသော ပစ္စည်းများအား မှတ်ချက်ပေးနိုင်ခြင်း
Admin userများအတွက် လုပ်ဆောင်ချက်များ
- sytemအသုံးပြုသူများအား စီမံခန့်ခွဲခြင်း (အသစ်ထည့်သွင်းခြင်း၊ ကြည့်ရှုခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း)
- ကုန်ပစ္စည်းများအား စီမံခန့်ခွဲခြင်း (အသစ်ထည့်သွင်းခြင်း၊ ကြည့်ရှုခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း)
- အမှာစာများအား စီမံခန့်ခွဲခြင်း (ကြည့်ရှုခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း)
- ကူပွန်ကုဒ်များအား စီမံခန့်ခွဲခြင်း (အသစ်ထည့်သွင်းခြင်း၊ ကြည့်ရှုခြင်း၊ ပယ်ဖျက်ခြင်း)
- ဝယ်ယူသူတို့၏ မှတ်ချက်များအား စီမံခန့်ခွဲခြင်း (ကြည့်ရှုခြင်း၊ ပယ်ဖျက်ခြင်း)
- ကြော်ငြာများထည့်သွင်းခြင်း
- အစီရင်ခံချက်များထုတ်ယူခြင်း (ဇယား, ဂရပ်, Excel ဖြင့်ရယူခြင်း)
Buyer userများအတွက် လုပ်ဆောင်ချက်များ
- အကောင့်အသစ်များ ကိုယ်တိုင် လွယ်ကူစွာပြုလုပ်နိုင်ခြင်း
- ပရိုဖိုင်ရှိ အချက်အလက်များကို ပြင်ဆင်မှုများ ပြုလုပ်နိုင်ခြင်း
- ပစ္စည်းဝယ်ယူမှုများပြုလုပ်နိုင်ခြင်း
- စျေးဝယ်ခြင်းထဲတွင် ဝယ်ယူလိုသည့်ပစ္စည်းများကို လွယ်ကူစွာသိမ်းဆည်းထားနိုင်ခြင်း
- မိမိနှစ်သက်သောပစ္စည်းများကို Favourite List ဖြင့် မှတ်သားထားနိုင်ခြင်း
- ဝယ်ယူခဲ့သော မှတ်တမ်းများကို ပြန်လည်ကြည့်ရှုနိုင်ခြင်း
- မိမိဝယ်ယူထားသောပစ္စည်းအတွက် order status များကို အချိန်နှင့်တပြေးညီ update သိရှိနိုင်ခြင်း
📌📱 စိတ်ဝင်စားသူများအနေဖြင့် ဤအပလီကေးရှင်းကို အောက်ဖော်ပြပါရုပ်ပုံလေးကိုနှိပ်၍ Apple App Store နှင့် Google Play Store တွင် အခမဲ့ဒေါင်းလုပ်ရယူနိုင်ပါသည်။ 👇👇👇