DigiSoft (Myanmar) အကြောင်း
ကျွန်ုပ်တို့ဟာ IT နဲ့ ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ အပြည့်အဝပေးနိုင်သော ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြပါတယ်။ အဓိကအနေနဲ့ လှပပြီး ဆွဲဆောင်မှုရှိတဲ့ Website ဒီဇိုင်းများကို ခေတ်နှင့်အညီ ဆန်းသစ်တီထွင်ပေးခြင်း၊ ရိုးရှင်းပြီး သပ်ရပ်သော Mobile Application များရေးသားပေးခြင်း ၊ ခေတ်မှီဆန်းပြားသော Web App များရေးသားပေးခြင်းဖြင့် လူကြီးမင်းတို့၏ စိတ်ကူးအိပ်မက်များကို အကောင်အထည် ဖော်ပေးမည့်သူများ ဖြစ်ပါတယ်။ ထို့အပြင် IT နှင့် ဆက်နွယ်နေသော အခြားနည်းပညာဆိုင်ရာ လုပ်ငန်းများကိုလည်း သင့်တင့်သော စျေးနှုန်း၊ အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးနေပါတယ်။
ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများကို ပိုမိုအောင်မြင်လိုစေခြင်းနှင့်ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအပေါ်စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေလိုခြင်းတို့ကြောင့် ဝန်ဆောင်မှုကို အကောင်းဆုံး ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ဆောင်ရွက်ပေးသော Project တိုင်းတွင် မှန်ကန်ကောင်းမွန်သော နည်းလမ်းများကို အသုံးပြုခြင်းဖြင့် လူကြီးမင်းတို့ မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်သော ရလာဒ်များ ရရှိစေရန် အာမခံချက်ပေးမည် ဖြစ်ပါသည်။

ရည်ရွယ်ချက်
မြန်မာပြည်မှာရှိတဲ့ အသေးစား ၊ အလတ်စား နှင့် အကြီးစား စီးပွားရေးလုပ်ငန်းတွေအတွက် လုပ်ငန်းတိုးတက်စေရေး အထောက်အကူဖြစ်စေမည့် IT နှင့်ပတ်သက်သောလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ပြီးကျွန်ုပ်တို့ DigiSoft (Myanmar) ကို ဖွဲ့စည်းတည်ထောင်ထားခြင်း ဖြစ်ပါသည်။

နည်းပညာ ကျွမ်းကျင်မှု
နည်းပညာနှင့်ပတ်သက်လျှင် အမျိုးမျိုးသော Operating System များ အကြောင်းနားလည်ခြင်း၊ Network Connectivity နှင့်ပတ်သက်သော အတွေ့အကြုံများရှိခြင်း၊ Database System များနှင့် Programming Language များအား တတ်ကျွမ်းခြင်း စသည့် ကျွမ်းကျင်မှုများစွာရှိပါသည်။

စိတ်ကျေနပ်မှု အာမခံချက်
လူကြီးမင်းတို့ရဲ့ စိတ်ကူးအိပ်မက်များကို အကောင်အထည် ဖော်ဆောင်ရာတွင် ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင်မှုနှင့် ထူခြားဆန်းသစ်တဲ့ နည်းပညာများကို ပေါင်းစပ်ထားသောကြောင့် လူကြီးမင်းတို့ စိတ်ကျေနပ်မှု အပြည့်အဝရရှိစေမည် ဖြစ်ကြောင်း အာမခံချက်ပေးနိုင်ပါသည်။
DigiSoft (Myanmar) ကုမ္ပဏီ လီမိတက်ကို ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်နေ့မှာ စတင် တည်ထောင်ခဲ့ပါတယ်။ ထိုအချိန်မှစ၍ အိုင်တီနည်းပညာနှင့် ပတ်သက်သော အမျိုးမျိုးသော ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။ ကုမ္ပဏီနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို သိရှိလိုပါက Myanmar Companies Online (MyCO) DICA website မှတဆင့် လေ့လာကြည့်ရှုနိုင်ပါတယ်။ DigiSoft (Myanmar) ကုမ္ပဏီကို Top Mobile App Development Companies website ၌ မြန်မာနိုင်ငံရှိ ထိပ်တန်းကုမ္ပဏီများစာရင်း နံပါတ် ၂ နေရာတွင် ၂၀၁၉ ခုနှစ်မှစတင်၍ ၆-နှစ်ဆက်တိုက်ဖော်ပြခြင်းခံခဲ့ရပါသည်။
ကျွန်ုပ်တို့အကြောင်း ပိုမိုလေ့လာရန်

ကျွန်ုပ်တို့ မိတ်ဆွေများ၏ ချစ်ခင်မှုများ
ကျွန်ုပ်တို့ DigiSoft (Myanmar) က ဂုဏ်ယူစွာနဲ့ ဖော်ပြပေးလိုတာကတော့ ကျွန်ုပ်တို့ကို ချစ်ခင်တဲ့၊ ကျွန်ုပ်တို့ ဝန်ဆောင်မှုကို အားရကျေနပ်တဲ့ ကျွန်ုပ်တို့ချစ်ရသော Customer များက မှတ်ချက်ပေးထားသော ရင်တွင်းဖြစ် ခံစားချက်များဖြစ်ပါတယ်။ စိတ်ဝင်စားပါက အောက်ဖော်ပြပါ Link ကနေတဆင့် ဖတ်ရှုကြည့်စေလိုပါတယ်။
ထောက်ခံချက်များ
ကျွန်ုပ်တို့ မိတ်ဆွေများ





















































