မေးလေ့မေးထရှိသော မေးခွန်းများ

ဆန်းသစ်လှပသောဒီဇိုင်းနှင့် စဉ်ဆက်မပြတ်အချက်အလက်များ ဖော်ပြပေးနေသော website များသည် လူတို့၏ယုံကြည်မှုကို ရရှိစေနိုင်ပါသည်။ ထို့ကြောင့် မိမိတို့၏စားသုံးသူများထံမှ ယုံကြည်မှုပိုမိုရရှိစေရန်နှင့် စဉ်ဆက်မပြတ်အားပေးမှုကို ရရှိစေရန် မိမိတို့လုပ်ငန်းအကြောင်းကို ဖော်ပြပေးနေသည့် ခေတ်မီဒီဇိုင်းများဖြင့် ဆန်းသစ်လှပသော website များရှိရန် လိုအပ်ပါသည်။

Mobile Responsive Layout ဆိုသည်မှာ ကြည့်ရှုသူအသုံးပြုသော ကွန်ပျူတာ၊ တက်ပလက်၊ ဖုန်း စသည်တို့ရဲ့ မှန်မျက်နှာပြင်အရွယ်အစားပေါ်မူတည်ပြီး ကြည့်ရှုရအဆင်ပြေစေရန် လိုက်ဖက်မှုရှိသော ဒီဇိုင်းအဆင်အပြင်သို့ အလိုအလျောက် ပြောင်းပေးစေရန်ဖန်တီးထား​သော website ဒီဇိုင်းများကို ဆိုလိုခြင်းဖြစ်ပါသည်။

Content Management System (CMS) ဆိုသည်မှာ နည်းပညာအတွေ့အကြုံရှိရန်မလိုဘဲ မိမိတို့၏website ကို ပုံများ/စာများ ထည့်သွင်းခြင်း/ပြင်ဆင်ခြင်းများ အလွယ်တကူပြုလုပ်နိုင်ရန်အတွက် ဖန်တီးပေးထားသော စနစ်တစ်ခုဖြစ်ပါသည်။ ယင်းစနစ်ကို အသုံးပြုခြင်းဖြင့် မိမိတို့၏ website တွင် သတင်းအချက်အလက်များ စဉ်ဆက်မပြတ်ဖော်ပြပေးနေနိုင်မည် ဖြစ်ပါသည်။

DigiSoft (Myanmar) မှ လူကြီးမင်းတို့အတွက် website ဖန်တီးပေးရုံမျှမက ၎င်း CMS စနစ်ကို အသုံးပြုနိုင်စေရန်အတွက် သုံးစွဲမှုလမ်းညွှန်စာစောင်များကိုလဲ ပြင်ဆင်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ (Standard နှင့် Enterprise ဝန်ဆောင်မှု သုံးစွဲသူများအတွက်သာ)

Secure Sockets Layer (SSL) ဆိုသည်မှာ web server နှင့် သုံးစွဲသူအကြား လုံခြုံစိတ်ချရသည့် ဆက်သွယ်မှုလမ်းကြောင်းတစ်ခုကို ဖန်တီးပေးသည့် နည်းပညာဖြစ်ပါသည်။  ဤလမ်းကြောင်းပေါ်မှတဆင့် ပေးပို့သော အချက်အလက်များသည် လုံခြုံစိတ်ချရပါသည်။ 

Search Engine Optimization (SEO) ဆိုသည်မှာ Google ကဲ့သို့သော search engine များကို အသုံးပြု၍ ရှာဖွေမှုများပြုလုပ်သောအခါ မိမိ၏ website ကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်စေရန်အတွက် စီမံဖန်တီးထားသော နည်းပညာ ဖြစ်ပါသည်။

Multilingual website ဆိုသည်မှာ website တွင် ပါဝင်သည့် အကြောင်းအရာများကို ဘာသာစကား တစ်မျိုးထက်မက အသုံးပြု၍ ဖော်ပြထားသော website ကို ဆိုလိုခြင်းဖြစ်ပါသည်။ အခြေခံအားဖြင့် လူကြီးမင်းတို့၏ website တွင် အဓိကအသုံးပြုမည့် ဘာသာစကားတမျိုး (မြန်မာ ‘သို့’ အင်္ဂလိပ်) ကို (အခမဲ့) ရွေးချယ်နိုင်မည်ဖြစ်ပါသည်။ အကယ်၍ လူကြီးမင်းတို့လုပ်ငန်းလိုအပ်ချက်အရ website ကို အခြားဘာသာစကားများဖြင့်ပါ ဖော်ပြပေးရန် လိုအပ်ပါက လူကြီးမင်းတို့စိတ်ကြိုက် ဝန်ဆောင်မှုများ ထပ်မံပေါင်းစပ်နိုင်ပါသည်။

လူကြီးမင်းတို့၏ လုပ်ငန်းလိုအပ်ချက်အရ ဝန်ဆောင်မှုအသစ်များ ထပ်မံထည့်သွင်းလိုပါက လက်ရှိရယူထားသော ဝန်ဆောင်မှုထက် ပို၍မြင့်သော အခြားဝန်ဆောင်မှုများသို့ အချိန်မရွေး ပြောင်းလဲသုံးစွဲနိုင်ပါသည်။

လူကြီးမင်းတို့၏ လုပ်ငန်းအတွက် သီးသန့်ဝန်ဆောင်မှုများ ရယူလိုပါက ကျွန်ုပ်တို့ DigiSoft (Myanmar) ကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်။ လူကြီးမင်းတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသော ဝန်ဆောင်မှုနှုန်းထားများကို ပေးပို့ပေးရန် အသင့်ရှိနေပါတယ်။

ဝန်ဆောင်ခ၏ ၅၀% ကို လုပ်ငန်းသဘောတူညီမှု ရရှိပြီးချိန်တွင် ပေးချေရမှာဖြစ်ပြီး ကျန် ၅၀% ကို လုပ်ငန်းပြီးစီးချိန်တွင် ပေးချေရမှာ ဖြစ်ပါတယ်။

website အတွက်လိုအပ်သော အချက်အလက်များကို ပထမတစ်ပတ်အတွင်း အပြီးအစီးပေးပါက အချိန်တစ်လအတွင်းတွင် လူကြီးမင်းတို့၏ website ပြီးစီးမည်ဖြစ်ပါသည်။

လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်​

  • အဆင့်- ၁

    လူကြီးမင်းတို့နှင့် တွေ့ဆုံပြီး လူကြီးမင်းတို့လုပ်ငန်း လိုအပ်ချက်များနှင့် website ပေါ်တွင် ပါဝင်မည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ပါမည်။

  • အဆင့်- ၂

    လူကြီးမင်းတို့လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီသော website တစ်ခုရရှိစေရန် ဒီဇိုင်းဆွဲခြင်း၊ ဖန်တီးပုံဖော်ပေးခြင်းများ ပြုလုပ်ပါမည်။

  • အဆင့်- ၃

    ဖန်တီးပုံဖော်ပြီးသော website ကို လူကြီးမင်းတို့အား ပြသ​ပြီး လူကြီးမင်းတို့ထံမှ ထပ်မံထည့်သွင်း ပြင်ဆင်လိုသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ပါမည်။

  • အဆင့်- ၄

    နောက်ဆုံးအချောသတ်ပြင်ဆင်မှုများ ပြီးဆုံးပါက လူကြီးမင်းတို့၏ website ကို ကမ္ဘာတဝှမ်းမှ အများသူငှာများ ကြည့်ရှုနိုင်စေရန်အတွက် ထုတ်လွှင့်ပေးမည်ဖြစ်ပါသည်။

error: