ပရောဂျက်အမည်:  Maintenance မိုဘိုင်းလ် အပလီကေးရှင်း

လုပ်ငန်းအပ်နှံသူ: BizioLab

လုပ်ငန်းအကျဉ်းချုပ်:

ဤပရောဂျက်တွင် ဆားဗစ်ဝန်ဆောင်မှုများလုပ်ဆောင်သည့် အင်ဂျင်နီယာများ ၎င်းတို့၏ လုပ်ငန်းအခြေအနေများကို အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များ ရယူ/ပေးပို့ရာတွင် အဆင်ပြေစေရေးအတွက် မိုဘိုင်းလ်အပလီကေးရှင်းတစ်ခု တည်ဆောက်ပေးထားခြင်းဖြစ်ပါသည်။

လုပ်ဆောင်နိုင်သည့် အချက်အလက်မျာ:-

  • အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များ ဖလှယ်နိုင်သည့်အတွက် လုပ်ငန်းရှင်နှင့် အင်ဂျင်နီယာများအတွက် လုပ်ငန်းများလုပ်ဆောင်ရာတွင် ပိုမိုအဆင်ပြေမြန်ဆန်စွာ ဆောင်ရွက်နိုင်ခြင်း
  • အင်ဂျင်နီယာများအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်း၏ အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ရရှိခြင်းဖြင့် လုပ်ငန်းဆောင်ရွက်ရာ၌ လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ခြင်း
  • အင်ဂျင်နီယာများအနေဖြင့် မိမိတို့လုပ်ငန်းပြီးစီးမှုအခြေအနေများကို မိုဘိုင်းအပလီကေးရှင်းမှတဆင့် အလွယ်တကူပေးပို့နိုင်သဖြင့် စာရွက်စာတမ်းများဖြင့် လုပ်ငန်းအခြေအနေများတင်ပြရခြင်းများကို လျှော့ချနိုင်ခြင်း
  • လုပ်ငန်းရှင်အနေဖြင့်လည်း အင်ဂျင်နီယာများကို ဆက်သွယ်ရာ၌ ဤမိုဘိုင်းအပလီကေးရှင်းမှတဆင့် ကြေငြာချက်များ လွယ်ကူစွာပေးပို့နိုင်ခြင်း
  • အင်ဂျင်နီယာများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် မဆောင်ရွက်မီနှင့် ဆောင်ရွက်ပြီးဓာတ်ပုံများကို ပေးပို့နိုင်ခြင်းဖြင့် ၎င်းတို့၏ဆောင်ရွက်ချက်များကို နေရာဒေသအချိန်ကာလမရွေး အချိန်နှင့်တပြေးညီ သိရှိနိုင်ခြင်း
  • ဤမိုဘိုင်းအပလီကေးရှင်းကို အသုံးပြုခြင်းအားဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေမြန်ဆန်စွာဆောင်ရွက်နိုင်ရုံသာမက စာရွက်စာတမ်းများကိုလျှော့ချနိုင်ခြင်း၊ မလိုလားအပ်သော အမှားအယွင်းများကိုလျှော့ချနိုင်ခြင်းကဲ့သို့သော အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။

 

 

error: