ပရောဂျက်အမည်: AgriMatch မိုဘိုင်းလ် အပလီကေးရှင်း
လုပ်ငန်းအပ်နှံသူ: AgriMatch, Telenor Youth Forum (2018/2019) ဆုရရှိသူများ
လုပ်ငန်းအကျဉ်းချုပ်:
ဤပရောဂျက်တွင် တောင်သူလယ်သမားများနှင့်ပွဲစားများအကြား သီးနှံရောင်းဝယ်ရာတွင် ပိုမိုအဆင်ပြေလွယ်ကူစွာ ဆက်သွယ်မှုများပြုလုပ်နိုင်မည့် AgriMatch မိုဘိုင်းအပလီကေးရှင်းတစ်ခုကို ဖန်တီးအကောင်အထည်ဖော်ခဲ့ပါသည်။ ဤအပလီကေးရှင်း၏ အဓိကရည်ရွယ်ချက်မှာ စိုက်ပျိုးတောင်သူများအနေဖြင့် မိမိတို့၏သီးနှံများကို ရောင်းချရာတွင် အခြားစိုက်ပျိုးတောင်သူများနှင့် စုပေါင်းရောင်းချခြင်းဖြင့် စျေးနှုန်းပိုမိုရရှိစေနိုင်ခြင်း၊ ပွဲစားများကို လွယ်ကူစွာဆက်သွယ်စေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေရန် ရည်ရွယ်ပါသည်။ ပွဲစားများအနေဖြင့်လည်း သီးနှံများကို စုပေါင်းဝယ်ယူနိုင်သောကြောင့် အချိန်ကုန်သက်သာခြင်း၊ လုပ်ငန်းတွင်ကျယ်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။
လုပ်ဆောင်နိုင်သည့်အချက်များ –
တောင်သူများအတွက် –
- ပိုမိုကောင်းမွန်သောစျေးနှုန်းရရှိရန်အလို့ငှာ တောင်သူအချင်းချင်း သီးနှံများ စုပေါင်းရောင်းချရန် ဆက်သွယ်နိုင်ခြင်း
- မိမိတို့ အနီးပတ်ဝန်းကျင်ရှိ အခြားတောင်သူများနှင့် စာဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်းဆက်သွယ်နိုင်ခြင်း
- မိမိတို့ ပတ်ဝန်းကျင်ရှိ တောင်သူများနှင့် အဖွဲ့များဖွဲ့၍ စုပေါင်းဆွေးနွေးမှုများပြုလုပ်နိုင်ခြင်း
- မိမိနှင့်အရောင်းအဝယ်ပြုလုပ်ဖူးသည့် ပွဲစားများကို အမှတ်ပေးမှုများပြုလုပ်နိုင်ခြင်း
- မိမိတို့ရောင်းချလိုသည့် သီးနှံစာရင်းများကို ဖော်ပြထားနိုင်ခြင်း
ပွဲစားများအတွက် –
- မိမိတို့ အနီးပတ်ဝန်းကျင်ရှိ တောင်သူများနှင့် စာဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်းဆက်သွယ်နိုင်ခြင်း
- မိမိတို့ ပတ်ဝန်းကျင်ရှိ တောင်သူတစ်ဦးခြင်း (သို့) အဖွဲ့လိုက်ထံမှ ၎င်းတို့ရောင်းချလိုသည့် သီးနှံစာရင်းများကို ရရှိစေနိုင်ခြင်း
- မိမိနှင့်အရောင်းအဝယ်ပြုလုပ်ဖူးသည့် တောင်သူများကို အမှတ်ပေးမှုများပြုလုပ်နိုင်ခြင်း
- မိမိတို့ဝယ်ယူလိုသည့် သီးနှံစာရင်းများကို ဖော်ပြထားနိုင်ခြင်း
✅🇺🇸🇲🇲 ဤ AgriMatch အပလီကေးရှင်းကို အင်္ဂလိပ်၊ မြန်မာ ၂-ဘာသာဖြင့် စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်မည်ဖြစ်ပါသည်။
📌📱 စိတ်ဝင်စားသူများအနေဖြင့် ဤအပလီကေးရှင်းကို အောက်ဖော်ပြပါရုပ်ပုံလေးများကိုနှိပ်၍ Apple App Store နှင့် Google Play Store တွင် အခမဲ့ဒေါင်းလုပ်ရယူနိုင်ပါသည်။ 👇👇👇