ပရောဂျက်အမည်: လမ်းညွှန် မိုဘိုင်းအပလီကေးရှင်း
လုပ်ငန်းအပ်နှံသူ: မန္တလေးအစားအသောက်လမ်းညွှန်
လုပ်ငန်းအကျဉ်းချုပ်:
ဤပရောဂျက်တွင် မန္တလေးမြို့ရှိ စားသောက်ဆိုင်များကိုရှာဖွေရာတွင် အထောက်အကူပြုမည့် မိုဘိုင်းအပလီကေးရှင်းတစ်ခုကို ဖန်တီးအကောင်အထည်ဖော်ထားပါသည်။ အဓိကရည်ရွယ်ချက်မှာ မန္တလေးမြို့ဒေသခံများနှင့် အလည်လာသူများအနေဖြင့် မိမိသုံးဆောင်လိုသည့် အစားအသောက်ကို မည်သည့်ဆိုင်တွင် ရရှိနိုင်မည်ကို ရှာဖွေရာတွင် အထောက်အကူပေးရန် ရည်ရွယ်ပါသည်။
အသုံးပြုသူများအနေဖြင့် စားသောက်ဆိုင်များကို “ထင်ရှားသည့်ဆိုင်များ” “အနီးအနားရှိဆိုင်များ” “ဒေသစာများ” “ကော်ဖီဆိုင်နှင့်ဘားများ” “အာရှအစားအစာများ” “အနောက်တိုင်းအစားအစာများ” “ဘူဖေးဆိုင်များ” စသည့် အမျိုးအစားအလိုက်ရှာဖွေနိုင်သကဲ့သို့ မိမိတို့နှစ်သက်ရာအချက်များပေါ်မူတည်၍လည်း ရှာဖွေမှုများပြုလုပ်နိုင်မည် ဖြစ်ပါသည်။
စားသောက်ဆိုင်များကို ရွေးချယ်ကြည့်ရှုနိုင်မည့်ပုံစံများ –
- စားသောက်ဆိုင်အမည်
- ဟာလာဆိုင်များ (ဘာသာရေးအရ)
- သတ်သတ်လွတ်ဆိုင်များ
- လေအေးပေးစက်တပ်ဆင်ထားသည့်ဆိုင်များ
- လက်ရှိဖွင့်လှစ်ထားသောဆိုင်များ
- စားသောက်မှုပုံစံ (အဆင့်မြင့်စားသောက်ဆိုင်၊ သာမန်စားသောက်ဆိုင် စသည်.. )
- အစားအသောက်အမျိုးအစား (တရုတ်၊ ထိုင်း၊ အရှေ့တိုင်း၊ အနောက်တိုင်း စသည်.. )
- ရရှိနိုင်သည့်အချိန် (မနက်စာ၊ နေ့လည်စာ၊ တနေကုန်.. )
ပရောဂျက်အညွှန်း: မန္တလေးအစားအသောက်လမ်းညွှန်
📌📱 စိတ်ဝင်စားသူများအနေဖြင့် ဤအပလီကေးရှင်းကို အောက်ဖော်ပြပါရုပ်ပုံလေးကိုနှိပ်၍ Apple App Store နှင့် Google Play Store တွင် အခမဲ့ဒေါင်းလုပ်ရယူနိုင်ပါသည်။ 👇👇👇