ပရောဂျက်အမည်: School Management System

လုပ်ငန်းအပ်နှံသူ: သူနာပြုတက္ကသိုလ်(မန္တလေး)

လုပ်ငန်းအကျဉ်းချုပ်:

ဤပရောဂျက်တွင် သူနာပြုတက္ကသိုလ် (မန္တလေး)အတွက် ကျောင်း၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်သည့်စနစ်တစ်ခုကို အကောင်အထည်ဖော်တည်ဆောက်ပေးခဲ့ပါသည်။ ဤစနစ်တွင် ကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်သက်ဆိုင်သော ကိုယ်ရေးအချက်အလက်များ၊ သင်တန်းရေးရာများ၊ စာမေးပွဲဆိုင်ရာကိစ္စရပ်များ အစရှိသည်တို့ကို စီမံခန့်ခွဲနိုင်သည့်အတွက် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် စာရွက်စာတမ်းများအသုံးပြုမှုများ လျှော့ချနိုင်ခြင်း၊ အချိန်ကုန်သက်သာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။

လုပ်ဆောင်နိုင်သည့်အချက်များ –

  • ကျောင်းသားများနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုများ (ကျောင်းသားအသစ်များစာရင်းသွင်းခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ကြည့်ရှုခြင်း၊ အစီရင်ခံစာများထုတ်ယူခြင်း)
  • ကျောင်းခေါ်ချိန်များနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုများ (စာရင်းသွင်းခြင်း၊ ပြင်ဆင်ခြင်း၊ ကြည့်ရှုခြင်း၊ အစီရင်ခံစာများထုတ်ယူခြင်း)
  • စာမေးပွဲနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုများ (အကဲဖြတ်စံနှုန်းများ သတ်မှတ်ခြင်း၊ အမှတ်စာရင်းထည့်သွင်းခြင်း၊ အောင်စာရင်းများ ထုတ်ယူခြင်း၊ အမှတ်များကို ပြင်ဆင်ခွင့်မရှိအောင် ထိန်းချုပ်ထားခြင်း)
  • အချိန်စာရင်းနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုများ (အချိန်စာရင်းရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ကြည့်ရှုခြင်း၊ အချိန်ဇယားများထုတ်ယူခြင်း)
  • စာသင်ခန်းများနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုများ (အခန်းများ၏ အသုံးပြုမှုအခြေအနေများကို စစ်ဆေးခြင်း၊ အခန်းအသုံးပြုခွင့်များ ကြိုတင်ရယူထားခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ကြည့်ရှုခြင်း)
  • ဝန်ထမ်းများနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုများ (ဝန်ထမ်းအသစ်များစာရင်းသွင်းခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ကြည့်ရှုခြင်း၊ အစီရင်ခံစာများထုတ်ယူခြင်း)
  • ခွင့်နှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုများ (ခွင့်များစာရင်းသွင်းခြင်း၊ ခွင့်ရက်စာရင်းများထုတ်ယူခြင်း)
  • အသုံးပြုသူနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုများ (စာရင်းသွင်းခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ကြည့်ရှုခြင်း)

 

 

error: